Daw Sandar Shwe (President)​

Founder of Rohoto Myanmar

GoAlS International Company Limited ကို စတင်တည်ထောင်ရခြင်းနှင့် GoAlS App ကို ဖန်တီးတည်ထောင်ရခြင်း၏ အကြောင်းအရင်းများ

ကမ္ဘာလောကကြီးသည် ယနေ့ခေတ်အချိန်အခါ၌ မတည်မငြိမ်ဖြစ်မှုများ၊ မသေချာ မရေရာ မှုများ၊ ရှုပ်ထွေးပွေလီမှုများနှင့် မမျှော်မှန်းနိုင်မှုအပေါင်းတို့ဖြင့် နေ့စဉ်ရှင်သန်ရင်ဆိုင်နေထိုင် ရသည့် (VUCA WORLD) ကမ္ဘာလောကကြီးဖြစ်နေသည်ကို အားလုံးနားလည်သိရှိကြပြီး ဖြစ်သည်။

ဗြဟ္မစိုရ်တရားများဖြစ်သော ငြိမ်းချမ်းမှုများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်လို မှုများ အားနည်းလာကြပြီး ပဋိပက္ခများ၊ စစ်ပွဲများ၊ ရောဂါဘယဘေးများ၊ သဘာဝဘေး အန္တရာယ်နှင့် ဘေးအန္တရာယ် (မတော်မဆဖြစ်မှု၊ မိမိကိုယ်ကိုမိမိ (သို့) သူတပါးကို အန္တရာယ်ကျရောက်ကြောင်း တမင်လုပ်ဆောင်ခြင်း) ဖြစ်မှုများ ပိုမိုများလာရာ မလုံခြုံသော ကမ္ဘာလောကကြီးဖြစ်နေသည်ကိုလည်း အားလုံးတွေ့မြင်နေရကြပြီးဖြစ်သည်။

ထို့ကြောင့် ကျွနုပ်တို့သည် ဘာသာမရွေး၊ လူမျိုးမရွေး၊ နိုင်ငံမရွေးဘဲ ဗြဟ္မစိုရ်တရားများ၊ အရှိအမှန် အသိတရားများရှိသော စိတ်ဓာတ်ကောင်း၊ ကိုယ်ကျင့်တရား ကောင်းနှင့် အရည်အချင်းကောင်း စသည့် ကောင်း (၃) ကောင်း ပြည့်ဝအားကောင်းသည့် ကမ္ဘာလောကအကျိုးကို ကောင်းမြတ်မှန်ကန်စွာ ဦးဆောင်နိုင်သော ( Human Resource Development ) လူ့စွမ်းအားအရင်းအမြစ်များ များများနှင့်မြန်မြန် ကောင်းမြတ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ထွက်ပေါ်လာစေရန်၊ (World Peace Care) လူ့အဖွဲ့အစည်းကို ကောင်းမွန်မှန်ကန်စွာ ထောက်ပံ့ပေးနိုင်းသော အဆင့်မြင့်နည်းပညာများ (High Technology Development) များများနှင့်မြန်မြန် ကောင်းမြတ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိနှင့်တကွ ကမ္ဘာလောကငြိမ်းချမ်းရေးကို အဆင့်ဆင့် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် (Environmental Care) ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် နိုင်စေရန် စသည့် ရည်ရွယ်ချက်သဘောထားများဖြင့် GoAlS International company limited ကို စတင်တည်ထောင်ခဲ့ပါသည်။

ထို့ပြင် GoAlS Application ကိုလည်း အရှိအမှန်အခြေပြုပညာရေး (Reality Based Education 5.0 up) ကို အခြေခံကာ ယနေ့ဖြစ်ပေါ်နေသော ကမ္ဘာ ကြီး၏ ပြဿနာ အရပ်ရပ်ကို လျော့ပါးစေရန်နှင့် Goal App ကို သုံးစွဲသူတိုင်း၏ အိမ်မက်များ၊ ဆန္ဒများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်ပန်းတိုင်များ၊ လိုအင်ဆန္ဒများ၊ လိုအပ်ချက်များကို အဆင့်မြင့်အရှိမှန်အခြေပြုပညာရပ်များနှင့် အဆင့်မြင့်နည်းပညာရပ်များပေါင်းစပ်ကာ စစ်မှန်ငြိမ်းချမ်းအောင်မြင်သည့် ပစ္စုပ္ပန်ဘဝနှင့် အနာဂတ်ဘဝများကို လွယ်ကူစွာ သိမြင်ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် (Design your Goals) “ ပုံဖော်လှမ်းကိုင် သင့်ပန်းတိုင်” ဟူသော ဆောင်ပုဒ်ဖြင့် ကူညီပံ့ပိုးကာ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာစေရန်၊ တိကျခိုင်မာသော ပန်းတိုင်ဖြင့် စစ်မှန်အောင်မြင်သောဘဝကို ရရှိစေရန် ရည်ရွယ်ဖန်တီး တည်ဆောက်ထားပါသည်။